မိုဘိုင်းလမ်းညွှန်ဆိုတာဘာလဲ။ 


မိုဘိုင်းဖုန်းဆော့ဝဲလ်နည်းပညာများကို ဖုန်းထဲတွင်အလွယ်တကူလေ့လာနိုင်အောင် ပြုလုပ်ထားသည့် အသုံးချ Android App တစ်ခုဖြစ်ပါတယ်။ အဆိုပါ App သည် ဖုန်းေဆာ့ဝဲလ်နည်းပညာများသာမက နောက်အသစ်ထွက်ရှိလာမည့် Update Version များတွင် ကွန်ပျူတာနည်းပညာများကိုလည်း လေ့လာနိုင်ရန်အတွက် ပြုလုပ်ပေးပါဦးမည်။ 

ဘယ်ဖုန်းတေွွမှာအသုံးပြုလို့ရပါသလဲ။ 

သတ်မှတ်ထားတာမျိုးတော့မရှိပါဘူး။ Android 4.0.3 မှစပြီး Android 9+ အထိ အသုံးပြုလို့ရပါတယ်။ ပြောချင်တာတခုကတော​့ ကိုယ်ဖုန်းနဲ့မကိုက်ညီခဲ့လို့ သုံးမရဘူးဆိုရင် App Developer ထဲမှာ Contact us on Messenger ကိုနှိပ်ပြီး ကျွန်တော့်ရဲ့ Messenger မှာ သင်ဖြစ်တဲ့ Error လေးကို လာပြောပြပေးပါ။ ကျွန်တော့်ဘက်က သင်ပြောပြတဲ့ Error လေးကို အမြန်ဆုံးပြုပြင်ပေးဖို့ အသင့်ရှိပါတယ်။ အသုံးပြုလို့မရတဲ့ဖုန်းအမျိုးအစားကတော့ 100% မှာ 1% တောင်ဖြစ်နိုင်ခြေနည်းပါးလွန်းပါတယ်။ ဖြစ်ခဲ့ရင်တော့ ကျွန်​တော့်ကို​မြန် ဆုံး ဆက်သွယ်အကြောင်းကြားပေးပါ။ 

စာတွေအမှန်မြင်ရပါသလား။ 

စာမမှန်တာမျိုးတော့ ရှိပါတယ်။ ဒါကလည်း ဇော်ဂျီ - ယူနီကုဒ်အပြောင်းအလဲအချိန်ကာလမို့ပါ။ ယခု App အတွင်းမှာပါဝင်တဲ့ နည်းလမ်းတွေကို တင်ပေးနေတဲ့ Admin များကလည်း ယခင် Post ေတွကို Zawgyi ဖောင့်ဖြင့် Published လုပ်ထားတာဖြစ်လို့ Post List မှာ ေခါင်းစဥ်စာ တွေမမှန်မျိုးရှိတတ်ပါတယ်။ မမှန်လို့ဆိုပြီး ပူစရာမလိုပါဘူး။ Post ကို နှိပ်လိုက်ပြီး စာမှန်အောင်လုပ်ပေးနိုင်တဲ့ ခလုတ်လေးပါဝင်တာကြောင့် ခုနကမမှန်တဲ့ ခေါင်းစဥ်စာပါ မှန်သွားစေပါတယ်။ ဒါကလည်း မြန်မာစာစနစ်ကို အပြောင်းအလဲလုပ်နေချိန်မို့တခုသာဖြစ်ပါတယ်။ အချိန်အနည်းငယ်ကြာလာတဲ့အခါမှာတော့ မြန်မာစာစနစ်ကို မှန်ကန်သွာစေမှာပါ။ 

ဗားရှင်းအသစ်တွေလုပ်ပေးဦးမှာလား။ 

ကျွန်တော်ခန့်မှန်းထားတဲ့ ပမာဏအထိ နည်းပညာတွေ ထပ်မံထည့်သွင်းပေးနေဦးမှာဖြစ်လို့ Update ကတော့ရနေမှာပါ။ ကျွန်တော်ပေးချင်တဲ့ပမာဏအထိရောက်သွားရင်တော့ Update မလာနိုင်တော့ပါဘူး။ 

မိုဘိုင်းလမ်းညွှန်မှနည်းလမ်းများကိုမျှဝေခွင့်ရှိပါသလား။

မျှ ဝေလို့ရပါတယ်။ ဒါပေမယ့် မျှဝေတဲ့အခါမှာတော့ ကိုယ်တင်တဲ့ Post အောက်ဆုံးရဲ့ နားမှာ #Crd -MGA_Pro_App သို့မဟုတ် #PoweredBy_MGA_Pro_App ဟုရေးပေးပါ။ ကျွန်တော့်ဘက်ကတော့ သင်မျှဝေမည့် နည်းလမ်းအတွက် ပိုင်ရှင်အစစ်မှန်ကို လေးစားစွာ Crd ပေးထားပြီးသားဖြစ်ပါတယ်။ 

လမ်းညွှန်ချက်တွေကမိုဘိုင်းလမ်းညွှန်ရဲ့ကိုယ်ပိုင်လား။ 

မဟုတ်ပါဘူး။ အများဆုံးက ဆော့ဝဲလ်လမ်းညွှန် မှရယူထားပြီး ကိုယ်ပိုင်နည်းလမ်းမဟုတ်သော နည်းလမ်းများအားလုံးအတွက် သက်ဆိုင်သူအားလုံးကို Credi​t လေးစားစွာပေးပါတယ်။ 

မိုဘိုင်းလမ်းညွှန်နဲ့ဆင်တူအက်ပ်များရှိပါသလား။ 

မိုဘိုင်းလမ်းညွှန် ကတော့ မည်သည့် App ကိုမှ အတုယူထားခြင်းမရှိပါဘူး။ ပြီးတော့ မိုဘိုင်းလမ်းညွှန် ဟာ Google Play မှာတရားဝင်ဖြန့်ချိပြီး App အမျိုးအစားဖြစ်သောကြောင့် မိုဘိုင်းလမ်းညွှန် ​ဆိုပြီး နာမည်​ ကိုဖြစ်စေ ၊ Logo ကိုဖြစ်စေ ၊ အသုံးချပြီး သင်တို့၏ App များ တွင် အသုံးပြုထားပါက သက်ဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်ပါမယ်။ 

မိုဘိုင်းလမ်းညွှန်ဘယ်ချိန်လောက်ထဲကရှိခဲ့တာလဲ။ 

ကျွန်တော့်ရဲ့စိတ်ကူးထဲမှာတော့ ရှိခဲ့တာတော့ကြာပါပြီ။ မိုဘိုင်းလမ်းညွှန် အက်ပ်ကိုစတင်တည်ထောင်ဖို့အတွက် စိတ်ကူးရှိခဲ့တာက ၂၀၁၈ နိုဝင်ဘာလ လောက်ထဲကပါ။ အဲ့တုန်းက ကျွန်တော့်မှာ ဘာမှ မယ်မယ်ရရမရှိသေးတော့ စိတ်ကူးတွေလွဲချော်ခဲ့ရပါတယ်။ အခုတော့ ကျွန်တော့်ရဲ့စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်ထည်ဖော်ခွင့်ရခဲ့ပါပြီ။ အကောင်ထည်ဖော်နိုင်ခဲ့တဲ့အချိန်ကျတော့ ၂၀၂၀ မေလ လောက်ဖြစ်သွားပါတယ်​။ 

အက်ပ်အတွင်းမှာအခကြေးငွေပေးချေရတာမျိုးရပါသလား။ 

မရှိပါဘူး။ ကျွန်တော်က အားလုံးကို Free သုံးစေချင်တဲ့စိတ်တခုထဲကြောင့်သာ Free လုပ်ပေးထားတာပါ။ ကျွန်တော် အခု အက်ပ်စရေးတဲ့အချိန်မှာတောင် သူငယ်ချင်းတွေကပြောတယ်ဗျ။ ပညာဆိုတာအလကားပေးလိုက်ရင် အလကားဖြစ်သွားရောတဲ့။ သူတို့က အကြံပေးတယ်ဗျ။ App ထဲဝင်တာနဲ့ Password နဲ့ဝင်ရတာမျိုးပေါ့။ ဥပမာ - Password ကို ၁၀၀၀၀ ကျပ် နှင့် ဝယ်မှ ပွင့်မယ်ပေါ့။ ကျွန်တော်ကသူတို့ပေးတဲ့အကြံကလက်မခံခဲ့ပါဘူး။ သူတို့ပေးတဲ့အကြံဆိုရင် ကျွန်တော့်အတွက် တော့ ကောင်းချင်ကောင်းသွားပါလိမ့်မယ်။ သင်တို့အတွက်ကျတော့ ငွေကြေးအခက်အခဲရှိတဲ့သူဆိုရင် အသုံးမပြုနိူင်တော့ဘူးလေ။ ပြီးတော့နည်းလမ်းအများစုက ကျွန်တော့်ကိုယ်ပိုင်မဟုတ်တာရယ် ကူးယူမှုသက်သက်ဖြင့်သာ ထည့်သွင်းပေးထားတာမို့ပါ။​​ ဒါတွေကြိုမြင်လို့ သူငယ်ချင်း​ေတွပေးတဲ့ အကြံတောင်ငြင်းပြီး Free အက်ပ်အမျိုးအစားလေးလဲလုပ်လိုက်တာပါ။ 

အခုဗားရှင်းမှာဘာတွေပြောင်းလဲလာလဲဆိုတာပြောပြလို့ရပါသလား။ 

ပြောင်းလဲသွားတာတွေတော့မရှိပဲ အသစ်ထပ်ထည့်ပေးလိုက်တာတွေတော့အများကြီးပါပဲ။ အခုက Version 1.1 ဖြစ်ပြီး နေ့စဥ်အသုံးဝင်နည်းပညာနှင့် ဆော့ဝဲလ်များ တွင် Tab အသစ် ၃ခုထပ်ထည့်ပေးပြီး Blogger လမ်းညွှန် / ဝဘ်ဆိုဒ်ရေးသားနည်းများ / ဆော့ဝဲလ်လမ်းညွှန် တို့ကို ထပ်ထည့်ပေးပြီး ဖေ့ဘုတ်ဆိုင်ရာ အသုံးပြုနည်း ၂၀၀ ကျော်ကိုလည်းထပ်ထည့်ပေးထားပါတယ်။